Comments

Tuesday 28 May 2013

တစ်ခန်း ရပ် . . .

Posted by at 17:26 Read our previous post

  တ၀ီ ၀ီနဲ့ . . .
  မနှိတ်စက်ပါနဲ့ . . .၊
  အိုက် စက်စက် ဖြစ်နေတဲ့
  အချစ်  ၀ဲ . . . ၊
  အ ယား ပြေ တဲ့  ထိ
  ကုတ် ပါရ စေ . . . ၊
  ကိုယ်ချင်း စာပေါ့ . . . .  . . . ၊
  ချစ်နေရ တဲ့
  ဒုက္ခတွေ ကို
  ခါ ချ နေရ သမို့
  ကြမ်း ပြင် က  . . .
  ကြမ်းပိုး နဲ့ရန် ဖြစ် နေရ သေးတယ် . . .၊  ပြန်ချစ်ဖို့ စိတ်ကူးမရှိတဲ့ . . . မင်း
  တရိပ်ရိပ် မူးစေတဲ့
  အရက် ပုလင်း ကို အားနာ  . . .
  ငါ့ နှလုံးသား
  သွက်သွက် ခါအောင်တော့
  မလုပ် ပါနဲ့ ၊
  တစ် ရက်တည်း
  အသည်း ကွဲဖို့
  ချန် ထားတဲ့
  အရက် တစ်ခွက်
  အချစ်ကိုခံစားသမျှ
 " အရက်ပြတ်  ခွက် ကပ် နဲ့
  မူး ရ မလား ". . .  ဟင် . . .
  မင်း ကတော့ မချစ်ဘူး အမြင်နဲ့ . . .
  လွမ်း ကြည့်၊
  လှမ်း ကြည့်ပါ အုံး ၊
  ရူး ကြောင် မူး ကြောင်နဲ့  ချစ်နေတုန်း
  ငါ့ ရင်ခွင်မဟုတ်တဲ့ နောက် ကြောကို
  တဒုန်းဒုန်း ထုခံ ရတာကို လေ . . . ၊
  အနားကပ်လို့ နားထောင်ကြည့်ပေါ့
  မင်း ကိုချစ်တဲ့
  နှလုံးသားက . . .
  ဆွေ့ ဆွေ့ ခုန် ပေါက် လို့ . . .  ။    ။

                                           နေမင်းခ


No comments:

Post a Comment

လာလည်ကြသောသူငယ်ချင်းများ ပြောကြ ဆိုကြ နောက်ကြ စကြ ရန် -
© လေပြေမှကြိုဆိုပါ၏။Template designed by လေပြေ