Comments

Tuesday 28 May 2013

ဒဏ်ရာပြင်းပြင်းလေး တစ်ခွက်

Posted by at 17:22 Read our previous post
အချိန်တွေက တိမ်တိုက်တွေလို

ပြောင်းလဲနေခဲ့

ရင်ခုန်သံ ခပ်ပြင်းပြင်းနဲ့

ဖျော်စပ်ထားတဲ့ ချစ်ခြင်းတစ်ခွက်ကလဲ

အေးစက်စက်နဲ့

အတိတ်ရဲ့ ဒဏ်ရာတွေက

လတ်လတ်ဆတ်ဆတ်

ငါ့ရဲ့ဝေဒနာတွေကို တူးဆွနေခဲ့

အချိန်ကာလရဲ့ ၀ါးမျိုမှုအောက်မှာ

အနာကျက်မယ်လို့ မျော်လင့်ရင်း

ငါ……..

ကြေကွဲတတ်နေပြီ

No comments:

Post a Comment

လာလည်ကြသောသူငယ်ချင်းများ ပြောကြ ဆိုကြ နောက်ကြ စကြ ရန် -
© လေပြေမှကြိုဆိုပါ၏။Template designed by လေပြေ