Comments

Tuesday 28 May 2013

မိုးရာသီသို့ .....

Posted by at 17:32 Read our previous post
မိုးဖွဲလေးတို့ မြေပေါ်သက်ဆင်းကြွေကျလို့
မြေရနံ့ တို့်မွေးပျံ့လှိုင်လှိုင်ထတဲ့တစ်နေ့.....
အွန်လိုင်းစောင့်နတ်ရဲ့ ကျီစည်ဆော့ကစားမှုအောက်မှာ
ပြင်ဆင်မူမရှိတဲ့ အချစ်တစ်ခုကိုစတင်ဖို.ဖြစ်လာတယ်။

တစ်ချို့တစ်ချို့အတွက်တော့
လွယ်ကူချောမွေ့လွန်းပေမယ့်
ခေ လွန်းတဲ့ ငါ့ ကံဇာတာ
ခရာဆူးချုံတွေထပ်လို့ လောကမာယာမဟာမြိုင်ထဲ
ငါစိန်ခေါ်ဖို.ဖြစ်လာတဲ့ ငါ့အနာဂတ်လောင်းကြေးထပ်ပြိုင်ပွဲတစ်ခု။

ချစ်သူကတော့ အားပေးတာပေါ့
ရိုးရှင်းတဲ့ ဘဝတစ်ခုအတွက်
စိတ်ဝတ္တုတို့ ကုံလုံရင် တို့နှစ်ယောက် ဘဝ
ပြီးပြည့်စုံပါပြီ ကိုရယ် တဲ့..........။

နဂိုကတည်းကမှ နဂိုင်းမရှိတဲ့ ငါ့အဖို့ တော့
ချစ်ရတဲ့ ချစ်သူရယ်...
ုကြယ်ကြွေတတ်တဲ့ ညတစ်ချို့မှာ
အပြင်ထွက်ပြီးကောင်းကင်ကိုမော့ကြည့်ဖြစ်တတ်ခဲ့ပေမဲ့
မင်းနှုတ်ကထွက်ကျလာတဲ့ စကားတစ်ခုနဲ့တင်
ဆုတောင်းချိန်မေ့ခဲ့ရပြီကွယ်....။


 မေလ 28, 2013 တွင် 9:12pm အချိန် ခါးလေး(မေဃဝတီ) မှ ကဗျာ ကဏ္ဍတွင် တင်ပြခဲ့ပါတယ် ဂျလေဘီ

No comments:

Post a Comment

လာလည်ကြသောသူငယ်ချင်းများ ပြောကြ ဆိုကြ နောက်ကြ စကြ ရန် -
© လေပြေမှကြိုဆိုပါ၏။Template designed by လေပြေ