Comments

Tuesday 28 May 2013

ငိုကြွေးမရတဲ့အလွမ်း

Posted by at 17:12 Read our previous post
ချစ်သူ......
အတိတ်ကရေစက်တွေကြောင့်
ဘ၀တစ်ကွေ့မှာ
ခဏတာတွေ့ရပေမယ့်
မေတ္တာသက်ဝင်ချစ်စိတ်လွှာနှင့်
အစဉ်မပြတ်ချစ်ခဲ့တာပါ
မမျှော်လင့်တဲ့
ဘ၀ကံကြမ္မာစီရာလမ်းကြောင့်
မျက်စိတစ်မိတ်  လျှပ်တစ်ပြက်ဆိုသလို
နှောင်ကြိုးမပျက်
ချစ်လျက်သာ  ဝေးခဲ့ရသူမို့
ခွဲခွါပြီးအနေဝေးနေတဲ့
ချစ်သူကို
ဘယ်အရပ်ကနေ  လွမ်းရမလဲ
တွေးမိတိုင်း
မျက်ရည်ဝဲခဲရတယ်....
နွေကိုမျှော်  ငှက်ဥသြလွမ်းဆို
ချစ်တဲ့သူကိုအခါတမဲ့
သတိရတော့
ငိုကြွေးမရတဲ့   လွမ်းဆွေးမှုတွေ
ငါဖြေသိမ့်နေခဲ့ရပြီ...
ချစ်သူ.......................။။။။


မေလ 28, 2013 တွင် 10:46pm အချိန် ကောင်းကင်မိုးယံ မှ ကဗျာ ကဏ္ဍတွင် တင်ပြခဲ့ပါတယ် ဂျလေဘီ

No comments:

Post a Comment

လာလည်ကြသောသူငယ်ချင်းများ ပြောကြ ဆိုကြ နောက်ကြ စကြ ရန် -
© လေပြေမှကြိုဆိုပါ၏။Template designed by လေပြေ