Comments

Tuesday 28 May 2013

ပန်းဖြစ်မှတော့ပွင့်ရဲသည်

Posted by at 16:58 Read our previous post
မကြွေသက်ပါရစေနဲ့
နွေရက်တွေမူမမှန်လည်း
အပူဒဏ်ကိုခံရဲတယ်...။
နှိပ်စက်ပါစေ တစ်ပွင့်တည်းပေမယ့်
စိတ်ဓါတ်တွေအသင့်ပဲရယ်မို့
ပန်းဖြစ်မှတော့ပွင့်ရဲရမယ်..။
တစ်ပါးလက်တွေဆွတ်ခူးရင်ဖြင့်
အချစ်ဦးခေါင်းမှာမ၀င့်မရဲနဲ့
တစ်ပွင့်ထဲသော်မှပျော်ခွင့်မရတယ်
မျှော်လင့်သမျှရယ် ပျက်သုဉ်း...။
စကားချို ဆိုဖို့ဝေးလေတော့
ကြားနှစ်ကိုယ်ကိုတို့သွေးတွေလဲ
အေးနေဆဲလို့မထင်စေလို
ရင်တွေကိုပိတ်ကာခြုံတိုင်း
လိပ်ပြာလုံတယ်လို့ထင်လေမလား
ကြားတဲ့အရာမပြောပြတတ်သလိုနဲ့
ထားခဲ့ပါသောကဇာတ်မှာပဲ
ကျေနပ်လို့ပြုံး.........။
                  ရဲရင့်နိုင်
 မေလ 28, 2013 တွင် 11:36pm အချိန် ရဲရင့်နိုင် မှ ကဗျာ ကဏ္ဍတွင် တင်ပြခဲ့ပါတယ် ဂျလေဘီ

No comments:

Post a Comment

လာလည်ကြသောသူငယ်ချင်းများ ပြောကြ ဆိုကြ နောက်ကြ စကြ ရန် -
© လေပြေမှကြိုဆိုပါ၏။Template designed by လေပြေ