Comments

Tuesday 28 May 2013

မင်းပျော်ရင် တရားတယ်

Posted by at 17:18 Read our previous post
အချစ်နဲ့စစ်မှာ
မတရားတာမရှိဘူးတဲ့
ဘယ်စစ်သူကြီးကများ
ပြောခဲ့တဲ့စကားလဲကွယ်....
စဉ်းစားစမ်းပါအချစ်ရယ်
တရားမှု   မတရားမှုဆိုတာ
နေရာတိုင်းအတွက်  ရှိပါတယ်....
အချစ်မှာလည်း  တရာတာ
မတရားတာရှိနေတယ်.....
မင်းစိတ်ညစ်မှာ   မင်းငိုရမှာ
မင်းငြိုငြင်မှာ   မင်းမုန်းရမှာ
ဒါတွေဟာ  မတရားတာပေါ့ကွယ်....
မင်းပျော်ရွှင်စရာ  မင်းကျေနပ်စရာ
မင်းပြုံးစရာ   မင်းမော်စရာ
ဒါတွေဟာ   တရားတာပေါ့ကွယ်....
ကိုယ်ဘယ်သောခါမှ....
မတရားတာမလုပ်
တရားတဲ့စိတ်နဲ့ 
မင်းကိုတစ်သက်လုံး
ချစ်သွားမယ်...သိလား....................။။။

 မေလ 28, 2013 တွင် 10:02pm အချိန် ကောင်းကင်မိုးယံ မှ ကဗျာ ကဏ္ဍတွင် တင်ပြခဲ့ပါတယ်ဂျလေဘီ

No comments:

Post a Comment

လာလည်ကြသောသူငယ်ချင်းများ ပြောကြ ဆိုကြ နောက်ကြ စကြ ရန် -
© လေပြေမှကြိုဆိုပါ၏။Template designed by လေပြေ