Comments
Tuesday 9 April 2013
နာကျင်နေစဲပါ
Posted by at 17:35 Read our previous post
ချစ်သူ လပြည့်ညကိုခံစားရင်း
ကိုယ်လေမင့်ကိုတမ်းတမ်းတတခေါ်နေပါရစေ
ကြည်လင်နေတဲ့ကောင်းကင်ထက်
ဝင်းပနေတဲ့ လလေးကို
ကြယ်ပွင့်လေးတွေကခြံရံလိုပေါ့
ခုလိုညမျိုးမှာ
ချစ်သူဟာကိုယ်နံဘေးမှာရှိခဲ့ရင်
ကိုယ်အပျော်ဆုံးဖြစ်မှာသေချာတယ်
ဒါပေမဲ့ချစ်သူရယ်
ကိုယ်မျော်လင့်ချက်ဆန္ဒတွေက
ဘယ်တော့မှအကောင်ထည်ပေါ်မှာမဟုတ်တော့ပါဘူး
ခုချိန်ကိုယ်ရင်ထဲကအလွမ်းတွေ
ပြည့်နှက်လျက်ပါ ချစ်သူရယ်
နှလုံးသွေးနဲ့ရေး
ကဗျာနဲ့ပေးဆပ်ခဲ့ရတဲ့ဘဝနေ့တွေမှာ
မပျော်ပါဘူး ချစ်သူရယ်
ကိုယ်လေမင့်ကိုအရမ်းလွမ်းတိုင်းလည်း
မလွမ်းရဲတော့ဘူး
ဒါပေမဲ့ ရင်ထဲမှာ
အဲဒီရာသီက ဘယ်တော့မှ မစဲနိုင်ခဲ့ပါဘူး
ကိုယ်အကြောက်ဆုံး ဇာတ်သိမ်းပိုင်ကိုမှ
မင့်ရေးခဲ့တာလား
ကံကြမ္မာကရေးခဲ့တာလား ချစ်သူ
ဘာပဲဖြစ်ဖြစ်
နင့်မရှိဲတဲ့အသိက ရင်ခွင်တစ်ခုလုံး
လောင်ကျွမ်းခဲ့ရတာကြာခဲ့ပါပြီ ချစ်သူ
နင့်မရှိတဲ့အခါ ဘယ်သူကိုမှထပ်ချစ်လို့မရတာထက်
ရင်ခွင်တစ်နေရာမှာ နင့်ရှိနေတုန်းပါပဲ
ချစ်သူရယ်.......
No comments:
Post a Comment
လာလည်ကြသောသူငယ်ချင်းများ ပြောကြ ဆိုကြ နောက်ကြ စကြ ရန် -
© လေပြေမှကြိုဆိုပါ၏။Template designed by လေပြေ