Posted by လေပြေ at 17:39
Read our previous post
ကိုယ်ကမင်းရဲ. နေမ၀င်အချစ်မဟုတ်ခဲ့ရင်တောင်
ဆည်းဆာချိန်လေးမှာ ရပ်တန်.နေပရစေ။
မင်းရဲ.ကောင်းကင်တစ်ခု မဖြစ်ခဲ့ရင်တောင်
မင်းကိုအရိပ်ပေးမယ့် တိမ်စိုင်လေးတော့ဖြစ်ပါရစေ။
မင်းဘ၀ရဲ. လမင်းကြီးမဟုတ်ခဲ့ရင်တောင်
မင်းကိုလမ်းပြမယ့် ကြယ်တစ်ပွင့်တော့ဖြစ်ပါရစေ။
မင်းဘေးမှာ အချိန်တိုင်းနေခွင့်မရရင်တောင်
မင်းအနားက အရိပ်လေးတော့ဖြစ်ပါရစေ။
မင်းအတွက် တောက်ပတဲ့အလင်းမဖြစ်ချင်နေပါ
မင်းအတွက်ဖယောင်းတိုင်လေးတော့ဖြစ်ပါရစေ။
မင်းရဲ. အချစ်ဦးမဟုတ်ခဲ့ရင်တောင်
မင်းရဲ. အချစ်ဆုံးတော့ဖြစ်ပါရစေ။
မင်း ကိုယ့်ကို
ချစ်ရင်ချစ်မယ်
မုန်းရင်မုန်းမယ်
သနားရင်သနားမယ်
ရက်စက်ရင်ရက်စက်မယ်
မခန်.မှန်းနိုင်ပေမယ့်
ကိုယ်ကတော့ ကျိန်ဆိုရဲတယ်
ကိုယ်မင်းကို မြတ်နိုးတယ်။
လရောင်ရဲ့ ကဗျာလေးပါ...........လေပြေ
No comments:
Post a Comment