Comments

Thursday 11 April 2013

နှစ်သစ်သင်္ကြန်

Posted by at 17:41 Read our previous post
ရက်မြက်မင်္ဂလာ သင်္ကြန်
အဖိုးတန် အမျိုးမှန်ပေသမို့
ထုံးဓလေ့ ဆင်ယင် မပျက်ပါတဲ့
ယွင်းမပျက်ပေ။


တစ်နှစ်မှ တစ်ခါသာ
ကျင်းပမြဲပေသမို့
ကမ္ဘာ အလယ်ဝင့်ထည်ပါဘိ
တို့ ရိုးရာမြက်သင်္ကြန်ခါ။


နှစ်သစ်မင်္ဂလာ ကြိုလို့
ဒီနှစ်ကုန်လေးရက်ကိုပ
စိုစိုရွဲ ချမ်းတုန်ခိုက်အောင်
မွှေးပျံ့ ရေစင် ဖြန်းပက်ပေလို့
ရန်ဘယာ ဝေးလေတဲ့
ညစ်ကြေး ဟူသမျှ ကင်းစင်ပ။


ဒိုးသံ ညံပေအောင် တီးပါလို့
တန်ခူလေပြေမှာပျံ့လွင့် ပါတဲ့
မွှေးရနံ့ ဖြာ ပန်းပိတောက်တွေပန်ဆင်လို
သင်္ကြန်ပျို မလေးငယ်တို့
တေးသံငြိမ့် ကဟန်ဆင်ပါလို့
ပြုံးလို့ပျော်ရွင် မင်္ဂလာ ရက်မြက်ခါသဘင်။


   wai yan ရဲ့ ကဗျာ.......လေပြေ

No comments:

Post a Comment

လာလည်ကြသောသူငယ်ချင်းများ ပြောကြ ဆိုကြ နောက်ကြ စကြ ရန် -
© လေပြေမှကြိုဆိုပါ၏။Template designed by လေပြေ