Posted by လေပြေ at 17:46
Read our previous post
ကဗျာမမီ စာမပီလည်း
တတ်သည့်ရာရာ အဖြာဖြာကို
သိုဝှက်မထား မေတ္တာများနဲ့ 
ညွှန်းဆိုဖွဲ့ နွဲ့  ထုတ်ဖေါ်ပေးချင် ဖတ်သူဖြည့်စွက်ခံစားလို
ကဗျာစကား မုသားမကင်း ဆိုရှိခြင်းလည်း
သိသမျှတွေ့ ကြုံ ကြောင်းရာစုံကို
ရင်မှာမချန် စေတနာမှန်နဲ့  သီကုံးရေးသား ဖေါ်ပြသွားချင် ဖတ်သူဖြည့်စွက်ခံစားလို
မုသားမပါလင်္ကာမချော ဆိုရိုးစကားရှိသော်ငြားလည်း
စုဆောင်းရှာဖွေ သုတတွေကို
လိုရာသုံးစေ ဂရုဏာတွေနဲ့ 
ရေးသားဖွဲ့ နွဲညွန်ပြပေးချင် ဖတ်သူဖြည့်စွက်ခံစားလို
ကဗျာစပ်ဖွဲ့  ကာရံမဲ့လည်း အများအကျိုး သုတတိုးဖို့ 
ရေးသားဖွဲ့ ဆို တတ်မှတ်ရာကို ဖတ်သူဖြည့်စွက်ခံစားလို
ရင်တွင်းစကား ကဗျာများကို တတ်သိသမျှဖွင့်ဆိုပြမယ်
မေတ္တာ စေတနာ ဂရုဏာနဲ့  ကျွန်ုပ်ရေးသားကဗျာများသည်
ဖတ်သူရင်ထဲ အေးစေသတည်း
သူငယ်ချင်း မေတ္တာရှင်မလေးရှင်းသန့် မေ၏ ကူညီအကြံပေးမှု့ ကြောင့် ကျွန်တော်၏ ကဗျာများအား
သူငယ်ချင်းတို့ ၏ ရင်တွင်းသို့  အရောက်ပို့ ဆောင်နိုင်ခြင်းဖြစ်ပါသည်
သို့ ဖြစ်ပါ၍ သူငယ်ချင်းမေတ္တာရှင်မလေးရှင်းသန့် မေအား ဤကဗျာလေးဖြင့် ကျေးဇူးတင်
ဂုဏ်ပြုအပ်ပါသည် ။
လေးစားစွာဖြင့်
kyaw tun mg.............................လေပြေ
No comments:
Post a Comment