Comments

Thursday 11 April 2013

ငါတို့သင်္ကြန်ရိုးရာ မဖျက်ကြပါလေနှင့်

Posted by at 17:36 Read our previous post
ပင်ယံထက်ဦး ပိတောက်ဖူးတော့
ရွှန်းရွှန်းစက်စက် ၀ါဝင်းလှသည့်
ပိတောက်အလှ ပန်းအလှ။

နှစ်ဟောင်းကုန်ချိန် နှစ်ကူးချိန်မို့
နှစ်သစ်ကြိုဆို ပိတောက်ပျိုတို့
ငွှားငွှားစွင့်စွင့် ပွင့်အံကြသည်
နှစ်သစ်အလှ ပိတောက်အလှ။

ကြည်သာရွှင်မွှေး စိတ်ဝယ်အေးအောင်
ညစ်ကြေးတွေဝေး သောကအေးအောင်
ရေလောင်းကြမည့် မြန်မာ့ဓလေ့
စိတ်ချမ်းမြေ့စွ ရေအေးစွ။

သီလကုသိုလ် ပွါးများပါလို့
သက်ကြီးဝါကြီး မြတ်ထူးပုဂ္ဂိုလ်
ရိုကျိုးလေးမြတ် ကန်တော့ပန်းဆင်၏
စိတ်ထားအလှ ချမ်းမြေ့စွ။

မြန်မာ့ရိုးရာ ချစ်ဖွယ်ဓလေ့
တည်တဲ့စေရေး စိတ်ဝယ်အေးအောင်
သူသူငါငါ သိတတ်စေချင်
ထိန်းကြစမ်းဟေ့ မြန်မာ့ဓလေ့။

သရုပ်ပျက်ဝတ်စား ညီမများသို့
သင်္ကြန်ဆိုတာ တို့ရိုးရာပါ
မူးရူးသောက်စား ရမ်းကားခြင်းအား
ဘုရားမကြိုက် နတ်မကြိုက်မို့
ထိန်းကြစေချင် သိစေချင်။

ငါတို့သင်္ကြန် နှစ်ကူးကြိုချိန်
ရိုးရိုးရှင်းရှင်း စိတ်အရှင်းဖြင့်
များသူငါပျော် စိတ်ရင်းဖော်သို့
ယဉ်ယဉ်ကျေးကျေး တောင်းဆုခြွေ၏
ငါတို့ရိုးရာ မဖျက်ကြပါလေနှင့်။

အနီရောင်နတ်သမီး( အိန်ဂျယ်)ရဲ့ ကဗျာ

No comments:

Post a Comment

လာလည်ကြသောသူငယ်ချင်းများ ပြောကြ ဆိုကြ နောက်ကြ စကြ ရန် -
© လေပြေမှကြိုဆိုပါ၏။Template designed by လေပြေ