Comments

Sunday 7 April 2013

သူတို့ပြောသောစကားများ

Posted by at 03:51 Read our previous post
အမှန်တရားကနှုတ်ဆက်သွားတယ်
" ငါတစ်နေ့ပြန်လာမှာပါ " တဲ့
လွဲမှားခြင်းတွေက တိုးတိုးလေးကပ်ပြောတယ်
" မင်းအနားမှာ ငါအမြဲရှိနေပါတယ် " တဲ့
  ကံဆိုးခြင်းတွေက နှစ်သိမ့်တယ်
" မင်းတစ်နေ့ ကံကောင်းလာမှာပါတဲ့ "
ကံကောင်းခြင်းတွေက လေးဖြူ လို အားပေးတယ်
" ဒုက္ခတွေဟာ ခဏပါ " တဲ့
မျှော်လင့်ချက်တွေက ညည်းညူတယ်
" လှည့်စားမှုဒဏ်ကို မခံနိုင်ဘူး " တဲ့
အနိုင်ယူခြင်းက ကြွေးကြော်တယ်
" အရှုံးတွေကို ငါမမှုဘူး " တဲ့
ငါ့ကိုယ်ငါ ပြန်စမ်းစစ်မိတယ်
" မင်းကိုယ်မင်း မတွေ့နိုင်ဘူး " တဲ့

                  နေသူရိန်( ဆောင်ခါး)ထံက.....လေပြေ

No comments:

Post a Comment

လာလည်ကြသောသူငယ်ချင်းများ ပြောကြ ဆိုကြ နောက်ကြ စကြ ရန် -
© လေပြေမှကြိုဆိုပါ၏။Template designed by လေပြေ