Comments

Sunday 7 April 2013

ညီမလေးအတွက် စကားလက်ဆောင် (၃၂)

Posted by at 05:29 Read our previous post
ညီမလေးရေ....
Club တက်တဲ့ မိန်းကလေးတိုင်းပာာ မိန်းမပျက်တွေ မပာုတ်ကြပေမယ့် မိန်းမကောင်းတွေလို့လည်း ဘယ်သူကမှ အသိအမှတ်မပြုပါဘူး။

စားသောက်ဆိုင်မှာ သီချင်းဆိုတဲ့ မိန်းကလေးတိုင်းပာာ မိန်းမပျက် မပာုတ်ကြပေမယ့် ဂုဏ်သရေရှိ မိန်းကလေးလို့လည်း ဘယ်သူကမှ အသိအမှတ်မပြုပါဘူး။

ဘီယာသောက်တဲ့ မိန်းကလေးတိုင်းပာာ မိန်းမပျက် မပာုတ်ပေမယ့် မိန်းမကောင်းမပာုတ်ဘူးလို့ လူတွေက အသိအမှတ်ပြုထားပါတယ်။

နောက်ပြီး ရည်းစားများတဲ့ မိန်းကလေးတွေပာာ လက်တလော အခြေအနေမှာ ပျော်စရာကောင်းပေမယ့် အိမ်ထောင်ကျတဲ့အခါမှာ လင်ယောက်ျားက သစ္စာဖောက်တတ်တယ်။ သိရင်တော့ အပြစ်ကို အကြောင်းပြမယ်။ မသိရင်တော့ မှိန်းနေလိမ့်မယ်။

မိန်းကလေးရဲ့ ဒုတိယ အရေးအပါဆုံးကတော့ စကားချိုသာခြင်းပါ။ စကားချိုသာရင် အကြွေးတောင်းတာတောင် နားထောင်လို့ကောင်းပါတယ်။ စကားပြောရိုင်းရင် အကူအညီပေးတဲ့ စကားတောင် နားထောင်လို့ မကောင်းဘူး။

ကိုယ့်ကိုယ်ကို ထိန်းသိမ်းတဲ့အပြင် စကားလည်း ချိုသာတဲ့မိန်းကလေးပာာ အင်မတန် ရှားပါးပြီး အဖိုးတန်တဲ့ ပတ္တမြားလိုပါပဲ။

ဒါတွေကို လိုက်နာနိုင်ပါစေလို့ ဆုတောင်းပါတယ်။
အားလုံးကို ခင်မင်လျက်

ပြည်ငြိမ်း
ညီမလေးအတွက် စကားလက်ဆောင် (၃၂)
*******************************

No comments:

Post a Comment

လာလည်ကြသောသူငယ်ချင်းများ ပြောကြ ဆိုကြ နောက်ကြ စကြ ရန် -
© လေပြေမှကြိုဆိုပါ၏။Template designed by လေပြေ