Comments

Sunday 7 April 2013

အနာကျွမ်းနေတဲ့ နှလုံးသား

Posted by at 03:48 Read our previous post
မျှော်လင့်ခြင်းတွေက
ငါ့ကိုအကြိမ်ကြိမ်သတ်တယ်
မဖြစ်နိုင်တာကို
တောင်းတမိလို့
လှောင်ရယ်နေကြပြီလား။

သူမခေါ်ဘဲသွားချင်တယ်
ဥပေက္ခာတွေကငါ့ကိုပြုံးလို့
ကြိုဆိုကြတယ်
ဒီလိုပဲတစ်ခါနှစ်ခါ
မကတော့ပါဘူး
ခါးသီးခြင်းတွေတောင်
ချိုမြိန်လို့လာပြီ။

မင်းကိုခါးသက်သက်
လေစိမ်းတွေတိုက်ဖို့ကြံတိုင်း
နွေးထွေးတဲ့ အပူချိန်နဲ့
နေမင်းကြီးက ကာဆီးကာဆီး
လုပ်တယ်။

သိမ်ငယ်တဲ့ငါ့နှလုံးအိမ်
ပစ်စလတ်ခတ်ပဲ မင်းထားတယ်
ဒဏ်ရာတွေတောင်ကျွမ်းလို့နေတယ်
အနာသိပေမယ့်
ဆေးမရှိတော့ခက်တယ်။

မျက်ရည်စတွေရယ်
ဘယ်တော့မှကုန်ခမ်းမှာလဲ
အငျကန စတွေလည်း
ငါ့အခန်းထဲပွစိတတ်လို့
ချစ်သူ..မင်းမြင်ရဲ့လား။

လက်ကောက်ဝတ်ကသွေးကြောများ
ဖြတ်တောက်ဖို့တော့ မတွေးဝင့်ဘူး
ဒါပေမယ့်…..
Ambulance ပေါ်ရောက်မှ
မင်းအချစ်နဲ့ ဂရုစိုက်မှုတွေ
ပြန်ရမယ်ဆိုရင်လေ
ချစ်သူ……
ငါတစ်ခုခုလုပ်မိလေတော့မယ်။


                                                                    လေပြေသွေး ရဲ့ ကဗျာ........လေပြေ

No comments:

Post a Comment

လာလည်ကြသောသူငယ်ချင်းများ ပြောကြ ဆိုကြ နောက်ကြ စကြ ရန် -
© လေပြေမှကြိုဆိုပါ၏။Template designed by လေပြေ