Comments

Thursday 11 April 2013

မင့်ပျော်ရင် တရားတယ်

Posted by at 17:31 Read our previous post
အချစ်နဲ့ စစ်မှာ
မတရားတာမရှိဘူးတဲ့
ဘယ်စစ်သူကြီးကများ ပြောခဲ့တဲ့စကားလဲ
စဉ်းစားပါ ချစ်သူရယ်
တရားမူ မတရားမူဆိုတာ
နေရာတိုင်းအတွက်ရှိပါတယ်
အချစ်မှာလည်း တရားတာ မတရားတာရှိတာပေါ့

မင့်စိတ်ညစ်မှာ မင့်ငိုရမှာ
မင့်ငြိုငြင်မှာ မင့်မုန်းသွားမှာ
ဒါတွေဟာမတရားတာပေါ့

မင့်ပျော်ရွှင်စရာ မင့်ကျေနပ်စရာ
မင့်ပြုံးစရာ မင့်ကိုစိတ်ချမ်းသာစေချင်တာ
ဒါတွေဟာတရားတာပေါ့
ကိုလေဘယ်သောအခါမှ
မတရားတာမလုပ်ပါဘူး
တရားတဲ့စိတ်နဲ့ပဲ မင့်ကိုချစ်သွားမယ်....

               အာကာရဲ့ ကဗျာ.......လေပြေ

No comments:

Post a Comment

လာလည်ကြသောသူငယ်ချင်းများ ပြောကြ ဆိုကြ နောက်ကြ စကြ ရန် -
© လေပြေမှကြိုဆိုပါ၏။Template designed by လေပြေ