Posted by လေပြေ at 17:26
Read our previous post
ငါ..ငယ်စဉ်ကလေးဘ၀ကတည်းက
ငါ..အသည်းအလွှာထပ်တွေ
ကမ္ဘာပျက်မယ့်အထိ
မင်း...ကိုပေးအပ်ပြီးသားပါ။
ငါ့..ရင်တွေဆွေးအက်လို့
သေမတတ်..သွေးထွက်နေရင်တောင်
မနက်ဖန်...မနက်ထိ
ငါ.....သိပ်ချစ်နေတဲ့....မင်းကို
ကဗျာတွေ.ရေးဖွဲ့လို့နေဦးမယ်
ချစ်တယ်..ငယ်ချစ်ရေ.
ပြာလဲ့လဲ့ကောင်းကင်ကြီးရဲ့အောက်မှာ
မင်းကို......ပြောမတတ်အောင်ချစ်တယ်
ဒါပေမယ့်ကွယ်..
အမြစ်တွယ်နေတဲ့.ငါ့ကို
အချစ်နယ်ထဲက
မင်း...ပြစ်ပယ်ခဲ့တာ
အခု...ဆိုရင်
နှစ်...နှစ်ဆယ်တောင်ရှိလို့နေပြီ.....ငယ်ချစ်ဦးရယ်
ဟာနေတဲ့...ကွက်လပ်တစ်ခုပြည့်ဖို့
ဘယ်အသက်အရွယ်ထိ
ငါ့..မျက်ရည်တွေ
ရွာသွန်းပေးရဦးမှာလဲ
ခြွေချပါတော့.......ငယ်ချစ်ဦးရယ်..
မခူးရက်...မခြွေရက်လို့
ပင်ခြေရင်းက
မြေဇာတွေကြားမှာ
ဝေဒနာတွေ
ဝှက်ထားကာဖြင့်
ကြွေလာမယ့်ရက်ကို
စောင့်မျှော်နေရတာလဲ
ငါ...ခေါင်းပေါ်က
ဆံပင်ဖြူတွေတောင်
အားနာလွန်းလှပါပြီ.....ငယ်ချစ်ဦးရယ်
ပျော်ရွှင်ခြင်းတွေ
ခမ်းခြောက်နေတဲ့
ငါ့...ရဲ့ရင်ခွင်ကမ်းပါးကိုမှ
လုးံပါးပါးအောင်
မင်းရဲ့အမုန်းတရားတွေနဲ့ပဲ
ငါ..က.သေဆုးံသွားရတော့မှာလား
ဒါဆိုရင်.....
ငါ့..နှလုးံသားတွေ
မင်း..ခြေဆေးဖို့
ရေဖြစ်ကာ....ကျန်ရစ်နေရုံကလွဲ
ဘာများတတ်နိုင်မှာလဲ....ငယ်ချစ်ဦးရယ်
အသက်တွေတိုလွန်းတဲ့
ဒီ...လူဘ၀ကြီးမှာ
ငယ်ချစ်ဦးကိုသာ...မပိုင်ဆိုင်ခဲ့ရရင်ပေါ့
အချစ်ဆူတွေ အသင်္ချေဆူပြီး
ဘ၀မကူးခင်
ရူးဖြစ်အောင်တော့
ရူးးရလိမ့်ဦးမယ်.....
ငယ်ချစ်ဦးရယ်....
ကောင်းကင်မိုးယံ...ရဲ့  ကဗျာလေးပါ.....လေပြေ
No comments:
Post a Comment