Posted by လေပြေ at 17:48
Read our previous post
အချစ်တွေမျှဝေနေတဲ့ငါ့ဘဝထဲဒါနောက်ဆုံးပါဘဲ
တကယ်မညာရဲတော့တာပါ
ကဗျာသီတတ်တဲ့နှလုံးသားမှာ
ချစ်သူလေးတွေချိတ်ဆွဲထား
သူတို့အတွက်ကဗျာတွေမွေးဖွား
အွန်လိုင်းမင်းသားလေးဘဝ
ခုတော့နောင်တရနေပြီ...။
ချစ်သူလေးရဲ့ပြောစကား
အွန်လိုင်းပေါ်မှာရည်းစားများပါ
အပြင်မှာတော့ရဘူးနော်တဲ့
ဘယ်မှာလည်းဒီရည်းစား
ငါအချစ်အပြင်းဖျားခဲ့စဉ်က
ဆေးခါးရည်တွေတိုက်ပြီး
ဘေးနားကခွာသွားခဲ့ကြ
ငါ့မှာတော့နာတာရှည်အချစ်ဝေဒနာရခဲ့တာ.....။
ခွင့်လွှတ်နေမြဲချစ်သူက
ငါ့နှလုံးသားကိုပြန်နိုးထစေ
သူ့အချစ်တွေနဲ့သက်သေပြ
ကြင်နာမှုဆေးတစ်ခွက်နဲ့
လက်ကမ်းလို့တွဲထူမှ
အသိတရားတွေငါ့ရင်မှာခိုဝင်
အချစ်စစ်ကိုမြင်ခဲ့ရ
စိတ်လှတဲ့ချစ်သူကို
ခုမှစိတ်ချလက်ချရခဲ့ပြီ...။
အညတြစာစဉ် (၂၀၂) အညတြလုလင်ရဲ့ ကဗျာလေးပါ..........လေပြေ
No comments:
Post a Comment