Comments
Wednesday 10 April 2013
တိတ်တခိုးချစ်သူ
Posted by at 17:27 Read our previous post
ရင်မှာထာဝရ
သူ.....တစ်ယောက်ရယ်လို့ 
ရင်မှာမျှော်လင့်
ချစ်နေမိတယ်
တိတ်တခိုး......ချစ်သူ။
ရင်မှာချစ်စကားပြောချင်ပေမဲ့
သူ့ မှာချစ်သူရှိနေပြီမို့ 
မပြောရက်ပါ
တိတ်တခိုး.....ချစ်သူ။
သို့ ပေမဲ့လည်း
တိတ်တခိုးရင်မှာမျှော်လင့်နေရှာ
သူ့ ရဲ့အကြင်နာ
စကားလေးတစ်ခွန်းကို
ရင်မှာအမြဲမျှော်လင့်လျက်ပါ
တိတ်တခိုး.....ချစ်သူ။
(ဒါပေမဲ့
ဒီအရာတွေအားလုံး
မင်းသိအောင်.....မကြိုးပမ်းတော့ဘူး
ကောင်မလေးရယ်
တိတ်တခိုးလေးပဲ
ချစ်နေမယ်.......ချစ်တဲ့သူရယ်)
No comments:
Post a Comment
လာလည်ကြသောသူငယ်ချင်းများ ပြောကြ ဆိုကြ နောက်ကြ စကြ ရန် -
© လေပြေမှကြိုဆိုပါ၏။Template designed by လေပြေ