Comments

Wednesday 10 April 2013

သူမ သို့ လွမ်းချင်း

Posted by at 17:33 Read our previous post
တိုက်ဆိုင်မှုတွေရှိမှ မဟုတ်ဘူး
အချိန်တိုင်း စက္ကန့်တိုင်း မိနစ်တိုင်းသတိရတာ...
မိုးရေစိုနေတဲ့တက္ကသိုလ်...
ကံကော်ဝေတဲ့ ခုံတန်း...
အလွမ်းရဲ့အခန်းမှာ မျက်ရည်မိုးကိုရွာသွန်းဖြိုးတတ်ကြပလေတယ်.....
ဟိုး...အတိတ်ကာလက
စိတ်အာဟာရကိုဖြစ်စေတဲ့
ချိုလဲ့ကြည်မွှေး..''သူ့'' အပြုံးလေး
ခုထိ ရင်ထဲမှာ မွှေးပျံ့နေတုန်းပဲ
သောကတောင်တန်းမှာ
မောဟ တွေဖိစီးလို့
လောက မုန်တိုင်းကို စစ်ဆင်နေရချိန်တောင်
ပြောပြချင်ခဲ့တာက သူ့အကြောင်း....ပဲလေ
သြော် ...ရက်၊လ ကူးပြောင်းပေမယ့်
မေ့မရဘူးနှောင်းအရိပ်တွေ
စိတ်တွေလေမျက်ရည်ဝိုင်းလို့
ရက်တွေတိုင်းလွမ်းမပြေဘူးကွယ်....


  ၂၁ရာစု နလပိန်းတုံးပါဗျို့စ်စ်စ် တဲ့     ကဗျာလေးပေါ့           လေပြေ                

No comments:

Post a Comment

လာလည်ကြသောသူငယ်ချင်းများ ပြောကြ ဆိုကြ နောက်ကြ စကြ ရန် -
© လေပြေမှကြိုဆိုပါ၏။Template designed by လေပြေ