Posted by လေပြေ at 17:19
Read our previous post
သစ် တစ်ပင်ကောင်းက၊
ငှက်တစ်သောင်း နားနိုင်တဲ့၊
မှန်လိုက်တဲ့ စကား၊
လာနားကြတဲ့ ငှက်တွေက၊
ဝဲစားတွေ များနေတော့၊
နားသာ နားနိုင်ခဲ့တယ်၊
ပျော်ရွှင်မှု့တွေက ယိုင်လို့ နဲ့လို့။
မခိုင်တော့ တဲ့ ယုံကြည်မှု့နဲ့၊
ရှုပ်ထွေးမှု့တွေရဲ့ နောက်မှာ၊
ကြည်နူးမှု့တွေက ပျောက်ကွယ်၊
အအေးကို အပူခြယ်ခဲ့၊
မမြင်ရတဲ့ ရန်သူ၊
ငါတို့ကို ပူစေခဲ့ပြီ။
သစ်ပင်ကို အားနာလို့၊
ညီညွတ်စွာ ဒို့.. နေခဲ့သင့်၊
တစ်ချက်လောက် ငဲ့လင့်ပါလေ၊
မနေလိုတဲ့ အမြင်နဲ့၊
တမင် ရှောင်မသွား ပါနဲ့၊
အမှောင်လမ်းမှာ စမ်းတ၀ါးဝါးနဲ့၊
ခြောက်ခမ်းသွားမဲ့ နွေးထွေးမှု့တွေ၊
ဆက်လက် ပေးစေလိုပါတယ်။
အားလုံးကို
ခင်မင်စွာဖြင့်
စံလင်း ရဲ့ ကဗျာ
၅.၄.၂၀၁၃ ............................................လေပြေ
No comments:
Post a Comment