Comments
Wednesday 24 April 2013
ကာရံမဲ့ ဆူး
Posted by at 17:39 Read our previous post
ငြှိုးဖွဲ့လာတဲ့
အမုန်းရဲ့တိုက်စားမှုအောက်
ဆူးတစ်ချောင်းနစ်ဝင်တယ်
မျက်လုးံတွေပိတ်ထားပါ
အကြင်နာအကြည့်
တစက်ကလေးတောင်
မရခဲ့ဘူးတဲ့
တကယ့်ကဗျာစစ်စစ်
ဘယ်လိုအရာကို
အချစ်လို့ခေါ်သလည်း
နှောင်တွယ်ရာမဲ့
ပျံနေတဲ့စိတ်ကူးအချို့
ချစားခံရတဲ့
စိတ်ဒဏ်ရာ
တော်တော်လေးမောပန်းခဲ့ရပြီ
နောင်တမဲ့
မျှော်လင့်ခြင်းဖြင့်
ရူးသွပ်စွာ
မိုက်မဲပါရစေ
ပေးဆပ်သူနဲ့
ယူငင်သူကြား
ဘာအကြောင်းပြချက်မှမရှိဘူး
ချစ်တယ်ပြော၍
ချစ်မိသူနှင့်
ချစ်မိခဲ့၍
အရူံးပေးခဲ့သူ
နှစ်ယောက်ကြား
ခြားနားမှုလေးတော့ရှိတာပေါ့
ဒါပေမယ့်
အရာအားလုးံကို
ထည့်သိမ်းဖို့
ရင်ဘတ်မဆံ့တော့ဘူး
မပြယ်တော့မယ့်
အနမ်းတချို့တဝက်က
ပါးပေါ်နဲ့ •••••••••ပေါ်
ရင်ဘတ်နဲ့ခံစားပါ
ရင်ဘတ်နဲ့ပဲပြန်ဖြေပေးပါ
တခုလောက်တော့
မေးပါရစေ
အရင်လိုငါ့ကိုချစ်သေးရဲ့လား
No comments:
Post a Comment
လာလည်ကြသောသူငယ်ချင်းများ ပြောကြ ဆိုကြ နောက်ကြ စကြ ရန် -
© လေပြေမှကြိုဆိုပါ၏။Template designed by လေပြေ