Comments

Wednesday 24 April 2013

နောက်ဆုံးမှာတမ်း

Posted by at 17:44 Read our previous post
အိပ်မက်ထဲရွက်လွှင့်ဖို့က

ခေတ်ကုန်ခဲ့ပြီကွယ်.......။

ရွှေရောင်နှုတ်ခမ်းရေ..

ရင်ခုန်သံတွေရုတ်သိမ်းပြီး

အလွမ်းတွေချန်

ပျံသန်းလေဦးတော့..။

နင်ဝှက်ထားတဲ့ကောင်းကင်နောက်

နင်မတွေ.အောင်ပုန်းတော့မယ်....။

ခွင့်လွှတ်ပါကွယ်.....

ပစ်စလတ်ခတ်တွေပြန့်ကြဲတဲ့ရင်ခွင်

မခိုလှုံချင်နဲ့.....

တစ်ခါတစ်ရံတွေများလွန်းလို့

ဒဏ်ရာတွေကထုံးစံဖြစ်နေပြီပဲ

အရာအားလုံးကို...

မနာကျည်းမိရင်တောင်......

ငါကြေကွဲခဲ့တာတော့သေချာတယ်။

 ++ERROR++ရဲ့ ကဗျာ  လေပြေ

No comments:

Post a Comment

လာလည်ကြသောသူငယ်ချင်းများ ပြောကြ ဆိုကြ နောက်ကြ စကြ ရန် -
© လေပြေမှကြိုဆိုပါ၏။Template designed by လေပြေ