Comments
Wednesday 24 April 2013
သိမ်းဆည်းထားမယ့် ရင်ခုန်သံ
Posted by at 17:30 Read our previous post
ဒီည သောက်တဲ့ ကော်ဖီခွက်ထဲမှာ
ငလျှင် တစ်ခု   ခပ်ပြင်းပြင်း လှုပ်သွားတယ်
မင်းရဲ့လက်ဆ   အချိုးကျစပ်ထားတဲ့   မျှားတစ်စင်း
နှလုံသားကို   အပ်ကျမတ်ကျစိုက်ဝင်နေတဲ့  စစ်ထိုးချင်း
၃၆၀ဒီဂရီ   လူမသိသူမသိ   ပျိုးခဲ့တဲ့သံ ယောဇဉ်က
ရင် ဘတ်ကြီးထဲမှာ   ခုန်ပေါက်ဆော့ကစား ပေါ့
ကိုယ့်အယူအဆနဲ့ကိုယ် ပျော်မြူးတာ
တစ်ကိုယ်တော်   ရူးသွပ်ခြင်းတစ်ခုရယ်ပါ
မင်းရဲ့အပြုံးမှာ   လျှပ်စီးတစ်ခါလက်တိုင်း
ရင် ဘတ်မှာ   မိုးကြိုးတစ်ခါထိမှန်
နှလုံးသားရှိတဲ့လူတစ်ယောက်ဖြစ်မှတော့   ချစ်မိတာမဆန်းပါဘူး
မရှင်းတဲ့ပုစ္ဆာတွေအတွက်   အ ဖြေ တွေခဏခဏထုတ် နေရတာကလွဲရင်
သောကတစ်ချို့တစ်ဝက်ကို   သိမ်းထားရတာ   ကျေနပ်တယ်။
No comments:
Post a Comment
လာလည်ကြသောသူငယ်ချင်းများ ပြောကြ ဆိုကြ နောက်ကြ စကြ ရန် -
© လေပြေမှကြိုဆိုပါ၏။Template designed by လေပြေ