Comments

Friday 12 April 2013

ခွဲခွါခြင်းမှတ်တိုင်

Posted by at 15:34 Read our previous post
ငိုလို့မရတော့တဲ့
လူတယောက်ရဲ့ရင်ထဲမှာ
ဝမ်းနဲစရာတွေ ကုန်ခန်းသွားပြီလို့
မင်းထင်ရက်သလား
ငါသာကောင်းကင်ကြီးဖြစ်ခဲ့ရင်
မိုးေ&စက်တွေ ရွာချလိုက်ချင်ပါရဲ့

ကြည့်စမ်းပါဦး
မင်းကိုဆုံးရှုံးတော့မယ် ဆိုတဲ့အသိက
ရင်မချိအောင်ခံစားလိုက်ရပုံများ
ဘာစကားတွေမှ ပြောမထွက်တော့ဘူးလေ

သစ်ရွက်တရွက်ဖြစ်ခဲ့ရင်
ကြွေပြလိုက်ချင်ပါတယ်
အိမ်မက်ထဲမှာတွေ့ဖို့ မဆိုထားနဲ့
အိပ်ပျော်အောင် မနဲကြိုးစားနေရတဲ့
ငါ့ရဲ့ညတွေဟာ
မင်းကခုန်ဖို့အတွက် အမြဲနိုးထနေပါတယ်

မင်းကိုနုတ်ဆက်ဖို့
ငါ့လက်တွေ ထုံကျင်နေသလို
မင်းရဲ့ကျောပြင်ကို ငေးကြည့်ကျန်ရစ်ဖို့
ငါ့မျက်လုံးတွေေ၀၀ါးနေပြီ
အဲဒါမျက်ရည်တွေလားဟင်

ဘာမှမပြောဘဲ ခံစားနေရတာခြင်းအတူတူ
ကောင်းကင်ကြီးကမှ ရွာချခွင့်ရပါသေးရဲ့နော်

   ဂျူးလစ်ကိုကိုရဲ့ ကဗျာ.......လေပြေ

No comments:

Post a Comment

လာလည်ကြသောသူငယ်ချင်းများ ပြောကြ ဆိုကြ နောက်ကြ စကြ ရန် -
© လေပြေမှကြိုဆိုပါ၏။Template designed by လေပြေ