Comments

Thursday, 17 January 2013

ငါ့ရဲ့ ချစ်ခြင်း

Posted by at 04:38 Read our previous post
ငါ့ရဲ့ချစ်ခြင်းက နေတစ်စင်းလို ပူတယ်တဲ့လား
အမှန်တော့ နင့်အတွက်
ကိုယ်ပိုင်အလင်းတွေနဲ့ လမ်းပြပေးချင်ခဲ့တာပါ
ချစ်သူ….

ငါ့ရဲ့ချစ်ခြင်းက ပီယာနိုတေးသွားလို ငြီးငွေ့စရာတဲ့လား
အမှန်တော့ နင့်အတွက်
အနူးညံ့ဆုံးခံစားချက်တွေ ပေးချင်ခဲ့တာပါ
ချစ်သူ….

ငါ့ရဲ့အချစ်က တံတိုင်းတစ်ခုလို အတားအဆီးတဲ့လား
အမှန်တော့ နင့်အတွက်
အန္တရယ်တွေ အကုန်လုံးကို ကာကွယ်ပေးချင်ခဲ့တာပါ
ချစ်သူ….

ငါ့ရဲ့ချစ်ခြင်းက စိတ်ပျက်စရာ ချုပ်ခြယ်မှုတစ်ခုတဲ့လား
အမှန်တော့ နင့်အတွက်
လွတ်လပ်မှုတွေ အမြဲတမ်းပေးနေခဲ့တာပါ
ချစ်သူ…..

ငါ့ရဲ့ချစ်ခြင်းက အပေါစားဟာသတွေလို ရယ်စရာတဲ့လား
အမှန်တော့ နင့်အတွက်
ပျော်ရွှင်မှုတွေပေးနိုင်ဖို့ အတတ်နိုင်ဆုံး ကြိုးစားခဲ့တာပါ
ချစ်သူ….

ဘယ်လိုပဲဖြစ်ဖြစ်ပေါ့လေ
နင့်အတွက် င့ါချစ်ခြင်းက
မုသားကင်းတဲ့ လင်္ကာတစ်ကြောင်းဆိုတာ
နင်သိလာမယ့် တစ်နေ့
မျှော်လင့်ခွင့်တော့ ငါ့ကို ပေးပေါ့……ချစ်သူရယ်

                                        လေပြေ

No comments:

Post a Comment

လာလည်ကြသောသူငယ်ချင်းများ ပြောကြ ဆိုကြ နောက်ကြ စကြ ရန် -
© လေပြေမှကြိုဆိုပါ၏။Template designed by လေပြေ