Posted by လေပြေ at 04:35
Read our previous post
ချစ်သူရေမျက်ဝန်းနက်နက်ရဲ့ အကြည့်တစ်ချက်
ငါ့နှလုံးသားမှာ ရောင်ပြန်ဟပ်လို့
ရင်တွင်းပုံရိပ် နင်သိစေဖို့
ဘယ်လို ငါပြောရပါမယ်...
ချစ်သူရေ
တိုးတိုးညင်သာ ဖွင့်ဟလာခဲ့
နှုတ်ခမ်းပါးက ချစ်စကားချိုချို
ငါ့နှလုံးသားမှာ ပဲ့တင်ထပ်လို့
ရင်တွင်းစကား နင်ကြားစေဖို့
ဘယ်လို ငါပြောရပါ မယ်. . .
ချစ်သူရေ
နင့်ကိုချစ်တဲ့ မှန်သောသစ္စာ
ရင်မှာမြဲစွာ တည်ခဲ့ပြီမို့
နင့်ကို တကယ် ငါချစ်ခဲ့တာ
ထာဝရပါ ချစ်သူရယ်…
လေပြေ
No comments:
Post a Comment