Comments

Saturday 19 January 2013

ဦးတည်ရာမဲ့ 

Posted by at 07:29 Read our previous post
ဟေးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
မျှော်လင့်ချက်လေး တစ်ခုအတွက်
ခြေစုံရပ်ဖို့ကြိုးစားရင်း အလဲလဲအပြိုပြိုနဲ့ 
အကြိမ်ကြိမ်ပြန်မတ်ဖို့လည်း မတတ်နိုင်ခဲ့
သင်းကွဲလိပ်ပြာတစ်ကောင်လို ဦးတည်ရာမဲ့....
အချမ်းသာဆုံးမာနတစ်ခုအတွက်
တံခွန်လွှင့်ဖို့ကြိုးစားရင်း ဆုံးဖြတ်ချက်တွေမှားယွင်း
ဆက်တိုးရင်းတိုးရင်း ညံ့ဖျင်းမှုတွေနဲ့
ကြိုးပြတ်စွန်တစ်စင်းလို ဦးတည်ရာမဲ့....
အချစ်ဆိုတဲ့ ဒြပ်မဲ့တစ်ခုအတွက်
အသန့်ရှင်းဆုံး ငါ့နှလုံးသားက
ချစ်ခြင်းကို ကိုးကွယ်ဖို့ အနက်နဲဆုံးယုံကြည်ခဲ့
အတားအဆီးမဲ့ မျက်ရည်တွေနဲ့ ပဲ
မျောလွင့်တိမ်တွေလို ဦးတည်ရာမဲ့....
ဘ၀ပန်းတိုင်အတွက်ငါ............
လျှောက်လှမ်းလာတဲ့ ငါ့ခြေလှမ်းတွေလည်း
ဦးတည်ရာမဲ့............
ဦးတည်ရာမဲ့..........
ဦးတည်ရာမဲ့.........................

No comments:

Post a Comment

လာလည်ကြသောသူငယ်ချင်းများ ပြောကြ ဆိုကြ နောက်ကြ စကြ ရန် -
© လေပြေမှကြိုဆိုပါ၏။Template designed by လေပြေ