Posted by လေပြေ at 06:24
Read our previous post
*** ချစ်သူ သိစေ ***လွမ်းတယ် .. ချစ်သူရယ်
မြင်မြင်သမျှ ချစ်သူ့ပုံရိပ်
ကြားကြားသမျှ ချစ်သူ့အသံ
ရင်မှာ နင့်နင့် ခံစားရင်းက
လွမ်းတာ နင်သိစေချင်သည် …
***
ချစ်တယ် .. ချစ်သူရယ်
နင့်ကို ချစ်တဲ့ ငါ့ရင်ခုန်သံ
ဘယ်ညာ မညီ စည်းဝါးမပီ
တတ်နိုင်သမျှ မြိုသိပ်ရင်းက
ချစ်တာ နင် သိစေချင်သည် …
***
တကယ်ပါ .. ချစ်သူရယ်
ငါရဲ့စိတ်မှာ ဘယ်ခါမမေ့
နင်သာ အမြဲ စိုးမိုးဆဲလေ
ဝင်သက်ထွက်သက် ထပ်တူမျှပါ
ယုံကြည်ပေးဖို့ မျှော်လင့်သည် ...
လေပြေ
No comments:
Post a Comment