Comments

Wednesday 16 January 2013

နောက်ထပ်တစ်ဖန်

Posted by at 06:16 Read our previous post

ပြောင်းလဲခွင့်မရှိပါ....
နှလုံးသားကဖြစ်တည်ဖူးတဲ့...
သည်ချစ်ခြင်းက....
သစ္စာတရားကိုအခြေပြု...
သံယောဇဉ်ဒီကြင်နာကြိုးက...
ရှင်ခန်းမဖြတ်နိုင်ဘိ...
မင်းထားခဲ့မယ်ဆို.....
မင်းထားရာနေ...စေရာသွား...
မင်းလိုရာပုံသွင်းထုဆစ်ခွင့်ရှိပါတယ်သခင်ရယ်....
ချစ်ခြင်းအခွင့်နောက်ထပ်တစ်ဖန်..
ရှိနေဦးမယ်ဆိုလည်း....
သိပ်ချစ်တာပဲကောင်းမလေးရယ်လို့ ...
ပြောခွင့် ပြုနိုင်ဖို့ ....ဆုတွေတောင်းလို့ ...
သည်မောင့်လွမ်းချင်....သခင်သိပါစေ...

                   လေပြေ 

No comments:

Post a Comment

လာလည်ကြသောသူငယ်ချင်းများ ပြောကြ ဆိုကြ နောက်ကြ စကြ ရန် -
© လေပြေမှကြိုဆိုပါ၏။Template designed by လေပြေ