Comments

Monday 21 January 2013

ဝေဒနာခရီးသည်

Posted by at 03:54 Read our previous post
ဝေဒနာတွေ ရင်မှာပိုက်လို့

လွမ်းချင်းတွေနဲ့ သီကုံးဖွဲ့ဆို

ဒီကဗျာကို ရေးဖွဲ့ဆိုရင်း

ခံစားချက်တွေ ကုန်လွန်ပါစေ.....

ငါ၏ဆုတောင်း မကောင်းခဲ့ဘူး

သည်ရင်ထဲမှာ ချစ်သစ္စာတွေ

မကုန်သမျှ ဤဘဝဝယ်

ငါ့ထိုက်ငါ့ကံ ရှိပါစေတော့......

ဘဝဆက်တိုင်း တောင်းဆုပြုမယ်

ငါရင်ထဲမှာ နင့်နာမည်ကို

ကမ္ဗည်းမတွင် နတ္ထိဟုသာ

ငါလေဆုတောင်း သစ္စာပြု၏.....*
                                         မြတ်မှူးအိမ်(17.7.2012)

No comments:

Post a Comment

လာလည်ကြသောသူငယ်ချင်းများ ပြောကြ ဆိုကြ နောက်ကြ စကြ ရန် -
© လေပြေမှကြိုဆိုပါ၏။Template designed by လေပြေ