Comments

Monday 21 January 2013

အဆိပ်သင့်အလွမ်း

Posted by at 03:51 Read our previous post
တွေးခဲ့မိတယ် နင့်အကြောင်းတွေ

နင်နဲ့တွေ့တာ တခဏတာ

ငါ့စိတ်ထဲမှာ နင်ကိုတဘဝစာချစ်မိခဲ့တယ်

နင်နူတ်ဆက်ခဲ့တဲ့ အမုန်းတွေနဲ့

ငါ့ရင်ထဲမှာ အချိန်တိုင်းဘဲ

နင့်ကိုမေ့လို့မရဘူး.....

ရက်စက်မှုအပြည့် မာယာတွေနဲ့

လှည့်စားခဲ့တဲ့နင့်ကို ငါမုန်းမေ့ဖို့ကြိုးစားရင်း

အချစ်ရဲ့တန်ဖိုး နားမလည်တတ်တဲ့နင့်ကို

အဆိပ်သင့်တဲ့ အလွမ်းတွေနဲ့

ငါလွမ်းနေမယ် ငါသိပ်ချစ်တဲ့ ငါ့ချစ်သူရယ်.....။
                                            မြတ်မှူးအိမ်(16.7.2012)

No comments:

Post a Comment

လာလည်ကြသောသူငယ်ချင်းများ ပြောကြ ဆိုကြ နောက်ကြ စကြ ရန် -
© လေပြေမှကြိုဆိုပါ၏။Template designed by လေပြေ