Posted by လေပြေ at 03:57
Read our previous post
အချစ်ဟူစ သိတတ်စရွယ်ရင်မှာပျော်မြူးချစ်ခဲ့ဖူးတယ်
ရိုးမြေဝယ်ကျပေါင်းပါမည်ဟု
နင့်ရဲ့နူတ်ဖျားပေးခဲ့ကတိ
ယုံခဲ့မိတာငါမှားခဲ့တယ်.....
ချစ်ခဲ့ဖူးတယ်နင့်တယောက်ထဲ
ညပေါင်းများစွာအိပ်မဲ့ပျက်ခဲ့
စဉ်းစာမိတာနင့်အကြောင်းတွေ
နင့်ရင်ခွင်မှာနားခိုဖို့အတွက်
အချိန်နဲ့အမျှတမ်းတမိတယ်.....
ပြောခဲ့ဖူးတဲ့နင်ရဲ့စကားတွေ
ပြန်လည်ကြားယောင်စိတ်မှာရူးသွပ်
ယစ်မူးခဲ့တာငါ့ဘက်ကပါ
အတိတ်တွေတွေးတိုင်းငါရဲ့ရင်မှာ
စူးနင့်စွာနဲ့ခံစားရတာ နင့်ကြောင့်.....
လေမှာပျံဝဲငှက်တကောင်က
စုန်ဆန်ချီကာပျံဝဲနေလည်း
အသိုက်ရှိရာပြန်လာလိမ့်မယ်
နင်စေချင်လိုစေ နင်ရူပ်ချင်လိုရူပ်
တနေ့ငါ့ရင်ခွင်ဆီနင်ပြန်လာမည်ဟု
အသက်မဲ့စွာ ငါယုံကြည်နေတယ် ချစ်သူ.....။
မြတ်မှူးအိမ်(24.7.2012)
No comments:
Post a Comment