Comments

Saturday 15 March 2014

အမုန်းသင့်လူသားကျနော်

Posted by at 09:51 Read our previous post


ချန်ကာထားရစ်သူအမုန်းများက
ရင်ကိုပူလောင်ကျွမ်းစေလို့ 
အဝေး အဝေး သူနဲ့ အဝေးမှာ
နာကျင်စွာသတိတွေရနေရင်း
ဆယ်ကမ္ဘာဆက်မုန်းမယ့်သူရေးး
တိုက်ဆိုင်မူကြုံလေတိုင်း
ငါတော့မေ့ လို့ မရနိုင်သေးလို့ 
နှလုံးသားက ချစ်နေစဲပါလေ
ဘ၀တစ်ကွေ့ မှာမထင်မှတ်တာတွေနဲ့ 
ကံစီမံရာခေါင်းလေးညိမ့် ကာ
နားထောင်နေလိုက်ယုံပဲ..
မင်းပေးသောအမုန်းများ
ကျေနပ်စွာခံယူရင်း ...ဒီဘ၀တော့ကွယ်
ကမ္ဘာမကြေ ငါ့ရင်မှာ တိုးတိတ်စွာ
နင့်ကိုပဲချစ်နေလိုက်တော့မယ်.....ဂျလေဘီ
 

No comments:

Post a Comment

လာလည်ကြသောသူငယ်ချင်းများ ပြောကြ ဆိုကြ နောက်ကြ စကြ ရန် -
© လေပြေမှကြိုဆိုပါ၏။Template designed by လေပြေ