Comments

Saturday 15 March 2014

ထပ်ကာမပြောချင်

Posted by at 09:53 Read our previous post
စိတ်စေရာ ခန္ဓာကမလိုက်ပါနိုင်
ဖြစ်ချင်တာတွေ လက်တွေ့ နဲ့ တခြားစီ
ကုန်ဆုံးခဲ့ ပြီးသော နေ့ များထဲက
မေ့ မရ တဲ့ တို့ ဆုံခဲ့ နေ့  အဲနေ့ ပေါ့  
သာသာယာယာ ရှိနေလိုက်တာများ
ပြောမကုန် ဆိုမဆုံးနိုင်ပါဘိ
သူမကကိုယ့် ကိုပြုံးပြလိုက်တယ်
ထိုအပြုံး မိုနာလီဇာ ငိုမယ့်ကိန်းပါ့
နတ်သျှင်နောင်လက်မှိုင်ကြလို့ 
ရတုတွေ ကပြောင်းကပြန်ဖြစ်ကုန်တော့မယ်
မိန်မချောလေးရေးးးးးးးးးးးး
ရွှန်းလက်တဲ့ မျက်ဝန်းနဲ့ မညှို့ လိုက်ပါနဲ့ တော့
ဥမ္မာဒန္ဓီ မြင် သီဝိမင်းရူးရတဲ့ တို့ မြန်မာသမိုင်းမှာ 
ကိုယ့်အမည်နာမ မပါဝင်လိုတော့ဘူး
မျက်ဝန်းပြာပြာနဲ့ ကောင်မလေးရေးးးး
ကြုံဆုံလားတဲ့ ခဏ
နူတ်ခွန်း ဆက်သ မင်္ဂလာပါတဲ့ လား
ဟုတ်ကဲ့ ပါ ကိုယ်ကတော့ 
အာဝါဟ ၀ိဝါဟ မင်္ဂလာပြုချင်နေသူမို့ 
မင်္ဂလာပါ မင်္ဂလာပါ လို့ အခါခါ ရွတ်နေမိပြန်ပေါ့ 
ယဉ်ကျေးတဲ့ မိန်းမလှလေးရေးးးးး
ထပ်ခါလဲလဲ မပြောချင်ဘူးရယ်
ချစ်တယ် ချစ်တယ်လို့  (ဂျလေဘီ)

No comments:

Post a Comment

လာလည်ကြသောသူငယ်ချင်းများ ပြောကြ ဆိုကြ နောက်ကြ စကြ ရန် -
© လေပြေမှကြိုဆိုပါ၏။Template designed by လေပြေ