Comments

Saturday 15 March 2014

ကဗျာ နှင့် အချစ်

Posted by at 09:22 Read our previous post


ထားရာနေ စေရာသွား
မင်းသဘောတိုင်း
ကြိုးဆွဲရာကမယ့်
မောင်ရုပ်သေးရုပ်လေးပါကွယ်
အလိုဆန္ဒ
မင်းစိတ်တိုင်းမကျတဲ့ အခါ
နူတ်ခမ်းဆူချင်ဆူပါ
မျက်စောင်းထိုးချင်ထိုးပါ
စကားမပြောပဲမနေပါနဲ့ နော်
မင်းအတွက် ရင်ထဲကစစ်မှန်တဲ့ 
ကဗျာတစ်ပုဒ်မွေးထုက်ဖို့ 
ငါ့နှလုံးသွေးကိုဖောက်
ငါ့ရှင်သန်ခြင်းကို
မင်းလက်ထဲ အပ်လို့ 
ငါဆိုတာ မရှိတော့အောင်
သည်ကဗျာထဲ ထည့်သွင်းရေးစပ်လိုက်တယ်
အချစ်က ကဗျာလေးတစ်ပုဒ်လိုပဲ
တခါတရံ
နူးညံ့ တဲ့ ခံစားမူတစ်ခုနဲ့ 
ရင်ကိုအေးမြ နွေးထွေးစေတယ်
တခါတရံတော့လဲ
ပူပြင်းတဲ့ နွေရာသီထဲ
ဖိနပ်မပါပဲလမ်းလျှောက်ရသလိုပါပဲ
အော် အချစ် အချစ်
ငါ့အချစ် ကဗျာတစ်ပုဒ်လောက်တောင်
မခမ်းနား မထည်ဝါပါလားနော်
ကျေးဇူးပြု ပြီး
မင်းနှလုံးသားနဲ့ 
ငါ့ရင်ဘက်ထဲကို
ဝင်လားကြည့်ပေးပါလားကွာ (ဂျလေဘီ)

No comments:

Post a Comment

လာလည်ကြသောသူငယ်ချင်းများ ပြောကြ ဆိုကြ နောက်ကြ စကြ ရန် -
© လေပြေမှကြိုဆိုပါ၏။Template designed by လေပြေ