Comments

Monday 20 May 2013

နှလုံးသားရဲ့.စေရာ

Posted by at 16:21 Read our previous post
ချစ်ခဲ့ပြီးမှ
လွမ်းခွင့်ကြုံမယ်ဆိုရင်
ငါ့မျှော်လင့်ချက်ကို
မင်းစာနာနိုင်ပါ့မလား.................
ထားခဲ့မယ်မှန်းသိရက်နဲ့
ရင်ထဲကထုတ်ပစ်လို့ မရတာ
ငါ့ရင်ခုန်ခြင်းတွေ မင်းနဲ့ ထပ်တူ
ကျနိုင်ပါ့မလား...............
ကြေကွဲနေရုံနဲ့
မင်းပုံရိပ်တွေဝေးသွားမယ်ဆို
ငါ့ချစ်ခြင်းတွေ မင်းရှေ့ မှာ
ချပြခဲ့ရမလား..............
နာကျင်နေရုံနဲ့  အချစ်တွေ နင်းချေခဲ့ရမယ်ဆိုရင်
ငါ့မိုက်မဲမှုကို မမြင်ယောင်ဆောင်နိုင်ပါ့မလား.............
မေ့လိုက်ပါဆိုရုံနဲ့  ငါ့ရင်ခုန်မှုတို့ ရပ်တန့်နိုင်မယ်ဆို
မေ့ပစ်လိုက်ပြီး သူစိမ်းတွေလိုနေနိုင်ပါ့မလား................
ဒဏ်ရာရရုံနဲ့  နှလုံးသားတစ်ခုလုံး
ပျက်သုန်းသွားမယ်ဆိုရင်
မင်းကိုချစ်တဲ့ ငါ့ချစ်ခြင်းတွေအတွက်
ငါ့ဘက်ကပေးဆပ်ပိုင်ခွင့်
ရှိနိုင်ပါဦးမလား.....................


No comments:

Post a Comment

လာလည်ကြသောသူငယ်ချင်းများ ပြောကြ ဆိုကြ နောက်ကြ စကြ ရန် -
© လေပြေမှကြိုဆိုပါ၏။Template designed by လေပြေ