Comments

Monday 20 May 2013

( * ဝေး *)

Posted by at 16:51 Read our previous post
 ဝေးရတော့မယ့်

ရက်တွေကို

တွေးလိုက်မိတိုင်း

ရင်ထဲမှာ အခါခါကြွေရတယ် ။      ။

ပါးနှစ်ဖက်ပေါ်မှာ

မျက်ရည်မကျပေမယ့်

ရင်တွင်းမှာ မြစ်တစ်စင်းလို

စီးဆင်းခဲ့တာ

ဘယ်သူတွေ သိနိုင်ဦးမှာလဲ ။         ။

ဝေးရမယ်ဆိုတာ

အစက သိထားမိခဲ့ရင်

အဝေးဆုံး တစ်နေရာအား

ပြေးပုန်းကာ

ရှောင်နေပါရစေတော့ ........။       ။

မေလ 20, 2013 တွင် 12:46pm အချိန် တာယာဂျလေဘီ မှ ကဗျာ ကဏ္ဍတွင် တင်ပြခဲ့ပါတယ် ဂျလေဘီ

No comments:

Post a Comment

လာလည်ကြသောသူငယ်ချင်းများ ပြောကြ ဆိုကြ နောက်ကြ စကြ ရန် -
© လေပြေမှကြိုဆိုပါ၏။Template designed by လေပြေ