Comments
Tuesday 9 April 2013
ငါ့ ဇာက်ခုံ
Posted by at 17:27 Read our previous post
 ပြေးလွှားလှုပ်ရှား ရှောင်လွှဲမရတဲ့
ဒီဘ၀ပြဇာတ်မှာ ငါသာမင်းသား
မမြင်နိုင်တဲ့ ပြောင်းလဲမှုက
လွှဲပြောင်းကြမ္မာ ရက်စက်မှုက
ငါ့နှလုံးသားကို ထိရှပြင်းလည်း
လှုပ်ရှားရုန်းကန် ဒီသံသရာဇာတ်ခုံ
တွေ့ဆုံကြုံကွဲ လွမ်းဆွတ်မှုနှင့်
ရင်နှင့်ရင်း၍ ငိုကြွေးသူတွေ
ဒီလောကဍ် များပြားဝေသီ
တစ်ခန်းရပ်၍ ပိတ်ကားဆွဲလည်း
မပြီးဆုံးနိုင် ရလိုရမ္မက်
ပြင်းပြစိတ်ကြောင့် စိတ်ကူးပုံဖော်
မျှော်ကာတန်းတ နောင်ရေးဘဝ
မွန်မြတ်ကောင်းမွန် မှန်ရာလမ်းကို
လျှောက်လှမ်းနိုင်ဖို့ မင်းငါနဲ့တူ
လက်တွဲကျော်ဖြတ် လျှောက်လမ်းသင့်ပြီ
တစ်ဖတ်သက်စိတ်ကူး ရူးအောင်တွေးလွဲ
မလွတ်မြောက်နိုင် လောဘစိတ်ရူး
(ငွေကြေးဥစ္စာ)
ပယ်ကာဖြတ်၍ မွေးမြူအားစိုက်
သင့်နှလုံးကို အေးမြဓမ္မ အေးချမ်းစေရန်
ရည်ညွှန်းစာသား နိုးကြွစိတ်ကူး ပုံဖော်စေခဲ့ပြီ ငါ့ဘ၀ ဇာတ်ခုံ………….။
No comments:
Post a Comment
လာလည်ကြသောသူငယ်ချင်းများ ပြောကြ ဆိုကြ နောက်ကြ စကြ ရန် -
© လေပြေမှကြိုဆိုပါ၏။Template designed by လေပြေ