Comments

Sunday 7 April 2013

“နိယာမ”

Posted by at 00:16 Read our previous post
* သစ္စာတရားတွေ
ကွယ်ပျောက်သွားတဲ့အခါ
လောကလူသားတွေ
ငိုကြွေးကြတယ်။

* သမုတိသစ္စာဆိုတာ
တချို့လူတွေအတွက်တော့
အမှန်ဆိုပေမဲ့
တချို့လူတွေအတွက်တော့
ခေါင်းနဲ့ပန်းပါပဲ။

* ပုထုဇဉ်သားဆိုတာ
လောကအတွက် တခဏတာ ကပြ
အသုံးတော်ခံသက်သက်ပါပဲ။
တချိန်ချိန်မှာတော့ နင်လည်း ဒီလမ်း
ငါလည်း ဒီလမ်းလျှောက်လှမ်းရမယ်။

* ဒါပေမဲ့...
ကိုယ်ဖောက်တဲ့လမ်း
ကိုယ်လျှောက်တဲ့နေ့ မကြမ်းတမ်းရင်ပဲ
နေပျော်ပါပီ။

“ဌေး”သာမဏေကျော်                                                    လေပြေ


No comments:

Post a Comment

လာလည်ကြသောသူငယ်ချင်းများ ပြောကြ ဆိုကြ နောက်ကြ စကြ ရန် -
© လေပြေမှကြိုဆိုပါ၏။Template designed by လေပြေ