Posted by လေပြေ at 18:00
Read our previous post
နွေရဲ့ဘေးဒဏ်
ပြင်းထန်မှုကြောင့်
သစ်ပင်အိုမှ
သစ်ရွက်ခြောက်များ
မြေပေါ်တလင်း
ကြွေသက်ဆင်းကာ
ရွက်သစ်တစ်ဖန်
ဖြစ်ပြန်လေသို့ 
ရုပ်နာမ်များစွာ
သတ္တဝါတွေလဲ
လောကဘေးဒဏ်
ပြင်းထန်မှုကြောင့်
ထိုသို့ ရွက်ခြောက်
ပမာရောက်သို့ 
ဇရာရှေ့ မှောက်
ဆိုက်ဆိုက်ရောက်၏
ဇရာရောက် ကာ
များမကြာမှီ
နာပြီးခြင်းနာ
အခါခါဖြင့်
အိပ်ရာခွင်ထဲ
ပက်လက်လဲ၏
အိပ်ရာခွင်ထဲ
ပက်လက်လဲကာ
များမကြာမှီ
မရဏလက်တွင်း
ကြွေသက်ဆင်းကာ
ဘဝသစ်တစ်ဖန်
ဖြစ်ရပြန်သည်
မှတ်ရိုး ဓမ္မတာ
အလီလီတည်း....။
ဒီကဗျာလေးသည် ပညာရှင်မဟုတ် ပဲ ဝါသနာရှင် စေတနာရှင်အဖြစ်ဖြင့် ရေးသားထားပါသည်..။
မြို့ တော်သူမြို့ တော်သားများဘဝကိုပျော်ရွှင်စွာလျှောက်လှမ်းနိုင်ပါစေလို့ ......................။
ထာဝရမေတ္တာဖြင့် ...။ ဖိုးရွှေယုန် အားပေးကြစို့ .....လေပြေ
No comments:
Post a Comment