Comments

Friday 5 April 2013

အသေဖြောင့်ချင်လွန်းလို့ပါ

Posted by at 17:28 Read our previous post
ငါဘယ်လောက်ပဲချစ်ချစ် အသိအမှတ်မပြုတဲ့မင်းအကျင့်
လှောင်ရယ်သံတွေကြား ငါလေရူးခဲ့ရ
ငါ့ရဲ့အနစ်နာ ငါ့ရဲ့စေတနာမေတ္တာ
ပြတ်ရယ်ပြုတဲ့ မင်းနှလုံးသား
ဝဋ်ကြွေးဆိုတဲ့စိတ်နဲ့ ငါ့မှာချစ်နေဆဲပါ။
အပေါင်းအသင်းတွေကြားမှာ ငါလေခံခဲ့ရ
မင်းခိုင်းသမျှတွေ ငါလေတတ်စွမ်းသမျှ
စိတ်ရောကိုယ်ပါနှစ်ခဲ့ရ ငါ့ဘဝ
မင်းမချစ်ရင်တောင် ငါချစ်နေရရင်ဆိုတဲ့စိတ်နဲ့
အရာရာပုံအပ် ပေးဆပ်ချစ်ခဲ့သူပါ။
အရိပ်လိုမင်းအနားမှာ ရှိနေတတ်တဲ့ငါတစ်ယောက်
မင်းကိုနှောင့်ယှက်နေ လူရမ်းကားတွေ
ငါလေစွန့်စား ရင်ဆိုင်တိုက်ခိုက်ရ
အချစ်တွေပြည့်နေတဲ့ ငါ့နှလုံးသား
ဓားချက်များစွာ စတေးခဲ့ရ
သေအံ့မူးမူးငါ့အနား မျက်ရည်မြစ်တွေစီးဆင်းသွား
ငါထင်မထားတဲ့မင်းအချစ်များ ရှိုက်ငိုရင်းလေဖွင့်ဟသွား
ခွင့်လွှတ်ပါဆိုတဲ့မင်းရဲ့စကား ထပ်ကာထပ်ကာငါလေကြား
ငါပြောချင်တဲ့ခွင့်လွှတ်စကား မင်းလေးကြားနိုင်မလား
နောက်ဆုံးပြောချင်တဲ့တောင်းပန်စကား မင်းလေးကြားရဲ့လား
sorry...ပါ I'msorry...ပါ အသေဖြောင့်ချင်လို့ပါ။ 
 
                                                                    လေပြေ 

No comments:

Post a Comment

လာလည်ကြသောသူငယ်ချင်းများ ပြောကြ ဆိုကြ နောက်ကြ စကြ ရန် -
© လေပြေမှကြိုဆိုပါ၏။Template designed by လေပြေ