Comments

Friday 5 April 2013

အစိမ်းရောင်လမင်းသို့သဝဏ်လွှာ

Posted by at 17:23 Read our previous post
အစိမ်းရောင်လမင်းရေ
ဒီညတော့
ငါ
ဦးခိုက်ပါရစေ

မှောင်မိုက်တဲ့
ငါ့အခန်းလေးဟာ
နင့်ရဲ့
ရင်ငွေ့လေးနဲ့မှ
အသက်ဝင်ရတာပါ

တိမ်တွေကို
ခိုစီးလာဖို့
အစွမ်းသတ္တိ
ငါ့မှာမရှိတဲ့အတွက်
နင်လင်းလာမှသာ
ငါ
မော်ဖူးရမှာပါ

အစိမ်းရောင်ခြယ်လမင်းရေ
တိုးတိုးလေး
ပြောပြနေတဲ့
ငါ့ရင်ထဲကစကားလုးံတွေကို
နင်မကြားဘူးဆိုတာသိတာပေါ့


ဒါကြောင့်လေ
ငါ့ရင်ထဲက
ဖွဲ့တည်လာတဲ့
နှောင်ကြိုးလေးတွေအကြောင်း
ပြီးတော့
ငါသိပ်ချစ်တဲ့အကြောင်း
ငါဟာ
သူ့နဘေးမှာအမြဲရှိနေတဲ့အကြောင်း
သူ


သိ.....
.
.
.
နေ......
.
.
စေ.......
.
.
ဖို့
အစိမ်းရောင်လမင်းသို့
သဝဏ်လွှာလေး
ပို့လိုက်တယ်

တမာန်တော်ကတော့
လေလှိုင်းပေါ့



  ချစ်ရင်မြူး...........၏ ကဗျာ.....
                                       လေပြေ.....................

No comments:

Post a Comment

လာလည်ကြသောသူငယ်ချင်းများ ပြောကြ ဆိုကြ နောက်ကြ စကြ ရန် -
© လေပြေမှကြိုဆိုပါ၏။Template designed by လေပြေ