Comments
Tuesday 23 April 2013
အသဲကွဲညနေခင်း
Posted by at 06:22 Read our previous post
ဒဏ်ရာဆိုတာ အလွယ်တကူပျောက်ရိုး ထုံးစံရှိလို့လား
နင်စိုက်ခဲ့တဲ့ဆူးတွေက ရှေ့တစ်ချောင်းမနှုတ်ခင်
နောက်တစ်ချောင်းက စူးနှင့်နေပြီးလေ။
ငါ့ရင်ထဲက ကမ္ဘာပြိုသံ နင်ကြားလိုက်ရသလား
ဖြတ်ခနဲအက်ကြေခဲ့တဲ့ ဒီရင်ခွင်က
သွေးစိမ်းရှင်ထွက်တာတောင် နောင်တမရခဲ့ဘူး။
ငါ့နှလုံးသားတစ်ခုလုံး နင့်အပြုံးအောက် ချိတ်ပါသွားခဲ့တာ
ဘယ်ဘ၀က၀ဋ်ကြွေးတွေပါလိမ့်
အလွမ်းတွေနဲ့ မွန်းကြပ်လာတိုင်း အေးစက်သွားတတ်တဲ့
ငါ့နှလုံးသားက အဲဒီနွားရိုင်းသွင်းချိန်ကို မေ့မရခဲ့ဘူး။
မာနနဲ့ အံကြိတ်ကာ မာန်တင်းနေပေမယ့်
မျက်ဝန်းထောင့်က စိုစွတ်လေ့ရှိတဲ့ အဲဒီမျက်ရည်ကို
မကျအောင်ထိန်းဖို့ ငါအမိန့်မပေးနိုင်သေးဘူး။
ရင်ထဲထိ ဖျစ်ဖျစ်မြည်တောက်နေတဲ့ အဲဒီမီးတောက်တွေက
ငါ့အတွက်တစ္စေခြောက်သလို ဘယ်အချိန်တည်းကများ
ရင်ထဲ အလစ်ဝင် ခိုအောင်းနေတာပါလိမ့်။
အရိုးခံ ငါ့နှလုံးသားက နင်စွန့်ခွါခဲ့တဲ့
ညနေခင်းကစလို့ အေးစက်ခဲ့တာ ခုချိန်ထိ
ပုံမပြောင်းသေးဘူး။
ခါးတီးနက်တူးပြီး တဆစ်ဆစ်ဆူးစေတဲ့
အဲဒီချစ်ခြင်းမျိုးက လူကိုရူးအောင် ထူးစေခဲ့သလား
စုပုံကျန်ရစ်နေသေးတဲ့ အဲဒီအပိုင်းအစတွေကို
စုပုံမီးရှို့ဖို့ ငါကြိုးစားရင်း
နောင်တမဲ့ချစ်ခြင်းတွေက ထူးထူးကဲကဲ
ရင်ကိုစူးစေခဲ့ပြန်တယ်။
နောက်ဆုံးတော့
ကြေကွဲခြင်းတပွေ့တပိုက်နဲ့
အလွမ်းတွေကို ရင်ဝယ်ပိုက်ရင်း
နင်ချန်ရစ်ခဲ့တဲ့ နေရာလေးမှာ
ငါခြေစုံရပ်ပြီး စောင့်နေတုန်းပါပဲ။
No comments:
Post a Comment
လာလည်ကြသောသူငယ်ချင်းများ ပြောကြ ဆိုကြ နောက်ကြ စကြ ရန် -
© လေပြေမှကြိုဆိုပါ၏။Template designed by လေပြေ