Comments

Sunday 17 February 2013

အချစ်ကဗျာ

Posted by at 16:27 Read our previous post

ကဗျာ
အချစ်
အချစ်ကဗျာ
ကဗျာအချစ်....

တစ်ချို့ကလည်း ပြောတယ်...
ကဗျာရေးရင် ဘဝကဗျာတွေ ရေးပါ။

တစ်ချို့ကလည်း ဆိုတယ်...
အချစ်...အချစ်...တစ်ချစ်တည်း ချစ်မနေကြနဲ့။

တစ်ချို့ကလည်း သတိပေးတယ်...
ဘဝမှာ အချစ်ဆိုတာ တစ်ခုတည်း ရှိတာမဟုတ်ဘူး။

တစ်ချို့ကလည်း အသိပေးတယ်...
ကဗျာ...ကဗျာ...ကဗျာမှာ ဘဝ ရှိတယ်။

သေချာတာကတော့
အချစ် (ချစ်ခြင်းမေတ္တာ) ဆိုတာ ရှိမှာ
ကဗျာဆိုတာ သန္ဓေတည်တယ်။

အချစ်ဆိုတာ ကုန်ဆုံးသွားခဲ့ရင်
ကဗျာဆိုတဲ့ အနုပညာဟာလည်း ပျောက်ဆုံးသွားမှာပဲ။

ရင်ဘတ်ထဲမှာ ချစ်ခြင်းမေတ္တာတရား မရှိပဲ
ခင်ဗျား ကဗျာ ရေးနိုင်တယ်ဆိုရင်
ခင်ဗျားဟာ ကဗျာဆရာ အတုပဲ ဖြစ်မယ်....

ဘယ်လို အနေအထားမျိုးပဲဖြစ်ဖြစ်
ဘယ်လို အချိန်အခါမှာ 
ခင်ဗျားတို့ ဘာတွေပဲ ပြောနေပါစေ
ကျွန်တော်ကတော့ အချစ်ကဗျာ
ကဗျာအချစ်တွေ
ရေးနေရဦးမှာပဲ။

ခပ်ရှင်းရှင်းပဲဗျာ...
ကျွန်တော့်ရင်ထဲမှာ ချစ်ခြင်းမေတ္တာတရား ပေါ်လာတယ်။
အဲဒါကြောင့် ကျွန်တော် အခု ကဗျာရေးတယ်...

နေလှိုင်း

http://pad2.whstatic.com/images/thumb/c/c3/Love-Step-1.jpg/550px-Love-Step-1.jpg

No comments:

Post a Comment

လာလည်ကြသောသူငယ်ချင်းများ ပြောကြ ဆိုကြ နောက်ကြ စကြ ရန် -
© လေပြေမှကြိုဆိုပါ၏။Template designed by လေပြေ