Comments

Friday, 22 February 2013

ဒဿမင်းလို အချစ်လူဆိုး လုပ်ရမလားနော်

Posted by at 04:15 Read our previous post
ဒဏ်ရာတွေနဲ့ နှလုံးသားဟာ....
ဘယ်မှာပန်းပွင့်လေးလို လှပနေနိုင်မလည်းနော်...
တစ်ဖြည်းဖြည်းဝေး...ဝေးးး သွားတဲ့ ...
သူမခြေသံသဲ့ သဲ့ နောက်ကို ..
ငါအပြေးလိုက်နေမိသလားပဲ...
ကျန်ခဲ့ ပြီးအတိတ်က....အရိပ်တစ်ချို့ က...
ငါ့ အာရုံ....ငါ့အတွေးကို...
အခုထိ နှိပ်စက်နေတုန်းပါလား....
စဉ်းစားတိုင်း အဖြေမထွက်ခဲ့ ဖူး...
သည်ပုစ္ဆာ....သည်ဇာက်လမ်း...
တစ်ခန်းရပ် အဖြေမထုက်နိုင်တော့...
အချစ်လူဆိုး ငါဖြစ်ခဲ့ပါရောလားကွာ..
သည်မှာဒဿ.....
ကျနော် ခင်ဗျားကိုသဘောကျလို့ ...
အချစ်လူဆိုး လုပ်လိုက်ရမလားဗျာ...
မယ်သီတာကိုရာမလက်ကလု...
ရာဇ၀င် သမိုင်းမှာဒဿဟာ...
နာမည်ကျော်ခဲ့ပါတယ်....အချစ်လူဆိုးရယ်လို့ ...
သည်မှာ ဒဿ...ကျနော်ဟာခင်ဗျားလို ..
ခေါင်း၁၀လုံးလည်းမပိုင်သလို ...
ဘုန်းလက်ရုံး.. တန်ခိုးတွေလည်း...
မပိုင်ဆိုင်သူမို့ ...ဒဿရေးးးးးးးးးး
ကျနော်ရဲ့ ရေးထိုးမယ့်...သမိုင်းစာမျက်နှာသစ်ဟာ...
ခင်ဗျားလောက်မလှပနိုင်ဖူး ပေါ့ ...
ရှိပါစေတော့ နေပါစေတော့..
သည်ချစ်ခြင်းတစ်ခုဖတ်တွယ်မထားပဲ...
စွန့် လွတ်လိုက်တော့မယ်....
ကဲသွားတော့ကွယ် နူတ်ဆက်ပါတယ်...
မင်းပျော်နေပါစေရယ်လို့  ဆန္ဒတွေပြု...
မေတ္တာတရားကိုလက်ကိုင်ထားလို့ 
ငါ့ ပေးဆပ်လိုက်တယ်....
နှလုံးသားတစ်စုံ.....နင်ကြိုက်သလို ...
ခြယ်လှယ်ခွင့်ရှိနေစဲ....
အချိန်မရွေးနင့် အတွက် အသင့်ပေါ့နော်...

(အပျင်းပြေခံစားရေးဖွဲ့ မူပါ) အထီးကျန်လေပြေ

No comments:

Post a Comment

လာလည်ကြသောသူငယ်ချင်းများ ပြောကြ ဆိုကြ နောက်ကြ စကြ ရန် -
© လေပြေမှကြိုဆိုပါ၏။Template designed by လေပြေ