Posted by လေပြေ at 07:09
Read our previous post
သတိရခြင်းကိုပြောဖို့
အလွမ်းဆိုတာကို
သက္ကရာဇ်တော်တော်များများ
သူတည်ဆောက်ဖူးတယ်။
သူဟာမှော်ဆရာလေ
ဒီလောက်တော့ တတ်နိုင်ရမှာပေါ့၊၊၊၊၊၊၊
သူကပြောတယ်
ပိုင်ဆိုင်ခြင်းများစွာကို ပြပါဆိုရင်
’ သတိရခြင်းတွေက’ တန်ဖိုးအရှိဆုံး.....
လက်တဖက်ဟာ ကောင်းကင်ကြွေ ကောက်ကြေှးဆို
သတိရခြင်းတွေက ကျန်လက်တဖက်က ပြုတ်ကျလို့။
တေလေမှတ်တိုင် ဘ၀နဲ့
မှော်ဆရာ
သင်ခြေကောခိုင်ခဲ့ရဲ့လား......
(ကျနော်နက်နံခင်းနဲ့ ကျနော်ဝင်လာပါရစေ)
ပြိုင်မြင်းတကောင်လို ကျနော်တို့ဆက်ပြေးကြတာပေါ့
ယုံကြည်ထားပါတယ်
( သင်ပြောသလို ရေခိုးရေငွေ့က
ပင်လယ်ကို ထွန်ယက်တော့မယ်ဆိုတာ)
ရယ်ရယ်မောမော ၀တ္တုတွေနဲ့
ခမ်းခမ်းနားနား စကားလုံးတွေကြားမှာ
ပစ္စုပ္ပန်ဆန်ဆန် မှော်ဆရာရေ
တခါမှာတော့ ဒဏ်ရာဆိုတာ
ဆေးကုရတယ်
ဘုံဘယ်နှစ်ဆင့်မှာ
အမှန် သင်လွင့်နေခဲ့လဲ
မှော်ဆရာရေ
သိုးကျောင်းတိုင်းတော့ ကျနော်
ဂစ်တာ တလက်ပါတယ်။။
အချိန်လေးနည်းနည်းရ
အဆင်လေးနည်းနည်းပြေရင်
မေးချင်တာက
သူ့ အိုးပုတ်လေး မှော်ဆရာ ပြန်ပေးခဲ့ လားလို့ပါ......
ကျနော်
အရှေ့မြိုးရိုးမှာ လည်း မိုးတွေရွာနေပြီ ။။
(သျှင်နွေခ)
No comments:
Post a Comment