Comments

Wednesday 19 March 2014

မတူညီဖူးလေ သူငယ်ချင်း

Posted by at 07:35 Read our previous post
အတ္တနဲ့ စီချင်းထိုးတယ်
မာနကရှုံးသွားတယ်
သည်တစ်ပွဲ ခဲလေသမျှ
ပြိုလဲကြတယ်
နောက်ဆုံးပွဲသိမ်းတိုက်ကွက်
အပိုင်မမိလေတော့
နောက်ပွဲအတွက် ပြင်ရအုန်းမပေါ့
ဟိုးမှာ ဟိုးမှာ
ရှုံးနိမ့် သွားတဲ့ မာန
တစ်ခြမ်းကပဲ့  တစ်ခြမ်းကပုပ်နဲ့ 
ပြန်လည်သုံးပြုဖို့ 
မသင့်တော့ဘူး သူငယ်ချင်းရဲ့ 
ဒီမှာ ဒီမှာ
မင်းလဲ မင်းလမ်း မင်းလျှောက်တယ်
မင်းခံယူချက်နဲ့ မင်း
ငါ့လဲ ငါ့လမ်း ငါ့လျှောက်တယ်
ငါ့ခံယူချက်နဲ့ ငါ
လူ ချင်းတူတယ်
အသက်ရှူတာလဲတူတယ်
နောက်ဆုံးသေရမယ်ဆိုတာလဲတူတယ်
ဒါပေမယ့် ဒါပေမယ့် 
ခံယူချက်လဲမတူ အတွေးလဲမတူ
စိတ်ကူးတွေလဲမတူညီကြဘူးလေ
သို့ သော် နားလည်မူတော့ရှိပေါ့နော် ...ဂျလေဘီ

No comments:

Post a Comment

လာလည်ကြသောသူငယ်ချင်းများ ပြောကြ ဆိုကြ နောက်ကြ စကြ ရန် -
© လေပြေမှကြိုဆိုပါ၏။Template designed by လေပြေ