Comments

Monday 27 May 2013

.နိုဝင်ဘာ မှတ်တမ်း..

Posted by at 16:56 Read our previous post

ကြယ်တွေတောက်ပ ဆောင်းတစ်ညမှာ
အကြင်နာတွေ ဝေဆာပွင့်ခဲ့
ရင်ထဲမြစ်တွယ် မြဲမြတ်ပတ်ရစ်
ဒါ...အချစ်တဲ့..။
နှင်းတွေဝေကျ ဟေမန္တမှာ
ဝေဒနာတွေသူလာမိတ်ဖွဲ့
ရင်ထဲထည့်တယ် တိုးသဲ့မြည်တမ်း
ဒါအလွမ်းတဲ့။
မြောက်ပြန်လေးထဲဝေ့ဝဲပါလာ
ဝေဒနာဆန်း ချစ်အလွမ်းကို
ကြမ်းတမ်းခက်ဟူး နွေလေရူးက
သုတ်မြူးသယ်ဆောင် ပါလေယောင်နဲ့
ကယောင်ခြောက်ခြား အတွေးများကာ
ခွန်းတုံ.သံဆိတ် နေမခြိမ်.ခဲ့
ဖြေသိမ့်စရာ ဗလာနတ္တ
ရင်မချိပါ အသိမဲ့လျင်
ဤ ချစ်ခြင်း၌ သက်ဆင်းနှလုံးသား
ဝတ်တွားပျပ်ခင်း သူ့ခြေရင်းမှာ
ကြွေဆင်းခဲ့ပြီ။
ရက်တွေကြာညောင်းလတွေပြောင်းလဲ
မဟောင်းနွမ်းပါ မြဲခိုင်စွာချည်
တမ်းရော်ရည်သည်
ဘဝခရီးဖော်အဖြစ်သို.    .။  

ချစ်သူ ကဗျာ။။။

No comments:

Post a Comment

လာလည်ကြသောသူငယ်ချင်းများ ပြောကြ ဆိုကြ နောက်ကြ စကြ ရန် -
© လေပြေမှကြိုဆိုပါ၏။Template designed by လေပြေ