Comments

Monday 27 May 2013

လမိုက်ည အလွမ်းသခင်

Posted by at 16:35 Read our previous post
ချစ်ရေးမကြွယ် ၊ မေတ္တာနယ်ကို ။

မလည်မကျွမ်း ၊ ခြေကိုလှမ်းတော့

အလွမ်းကိုပိုက် ၊ နှလုံးမိုက်သည်

ငိုရှိုက်သံတို့  ညံခဲ့ပြီ..

.ဘဝကြမ္မာ ၊ လမသာ၍

ကြယ်မှာနှစ်ခြိုက် ၊ အိပ်ပျော်ခိုက်မို့ 

ညဥ့်မိုက်ကိုမုန်း ၊ လွတ်အောင်ရုန်းမှ

တိမ်ဖုံးလကိုလွမ်းမိသည်..

.သြော်...အချစ်ကိုစမ်း ၊ နယ်မကျွမ်း၍

မလှမ်းပဲနှင့် နွမ်းရပြီကော ချစ်သူ...

 မေလ 28, 2013 တွင် 1:01am အချိန် အလွမ်းသခင် မှ ကဗျာ ကဏ္ဍတွင် တင်ပြခဲ့ပါတယ် ဂျလေဘီ

No comments:

Post a Comment

လာလည်ကြသောသူငယ်ချင်းများ ပြောကြ ဆိုကြ နောက်ကြ စကြ ရန် -
© လေပြေမှကြိုဆိုပါ၏။Template designed by လေပြေ