Posted by လေပြေ at 17:32
Read our previous post
မျှော်လင့်ခြင်းတွေလွင့်ကျသွားတဲ့နေ့က
ကောင်းကင်မှာကြယ်တွေ မမှိတ်မတုတ် လင်းတယ်။
အချစ်ဆိုတာ နှစ်ကြိမ် ဆက်မမက်တဲ့ အိပ်မက် လို
တယုတယ ပြန်လည်ထွေးပိုက်ခွ့င့် မရှိနဲ့
ရုတ်တရက် ယောင်ယမ်းနိုးထချိန်မှာ..
ငါ့အနားက ကဓါတ်ပုံလေးသာ ကျန်ရစ်တယ်...။
အခြေနေ၊စိတ်ဓါတ်တွေ မတူညီမူအတွက်
ချစ်သူတွေဝေးကွာခြင်းက
ကမ္ဘာမှာ ငါတို့ ပထမဦဆုံးမှမဟုတ်တာ( မီုး )ရယ်...။
သို့ပေမယ် လွမ်းတယ်
သတိတရနဲ့ကို လွမ်းနေခဲ့မိတယ်
မီုးမမြိငလေမမြင် လောင်ကျွမ်းခဲ့ဖူးတဲ့
စီးပွားရေး တက္ကသိုလ် ထဲက
ငါတို့ရဲ့ ပျော်ရွင်စရာနေ့ရက်တွေ
ကိုင်ဆါပြေးခဲ့ဖူးတဲ့ ထမ္မင်ချိုင့်လေးတစ်လုံးနဲ့
ဂရုတစိုက် ဖျော်ပေးခွင့်ရတဲ့ သံပုရာ၇ည်ခါက်တွေ
နောက်.....
ယနေ့ထိ မှတ်မှတ်ရရ တိုင်တည် နေမိဆဲဖြစ်တဲ့
သစ္စတရားရယ်ကိုပေါ့။
တစိချိန်ကမဟုတ်တဲ့ အခုတော့
ငါ့ မျှော်လင့်ခြင်းတွေ
လွင့်ကျ ကွဲသွားရတဲ့ နေ့မှာ
ကြယ်တွေ မမှိတ် တမှိတ်ပဲလင်းတော့တယ်
နေသူရိန် ပြန်လည်းရေးသာ.....ကဗျာ လေပြေ
No comments:
Post a Comment